Labels
၁၀တန်းအတွက်
(2)
android apk
(25)
android progremming
(2)
android techanic
(6)
blog
(2)
computer
(3)
fb
(1)
introduction
(1)
ios knowledges
(1)
knowledges
(15)
thinking
(3)
ဗဟုသုတ
(4)
အတွေးအခေါ်
(1)
ဗေဒင်
(1)
Monday, September 28, 2015
အရေးပါတဲ့နည်းလေး
Android ကို မျောက်ကိုက်ခြင်းError
မောင်မောင်မြင့်ဆွေ ( နည်းပညာ ) / 2 hours ago
Android ကို မျောက်ကိုက်ခြင်းError
=================
မင်္ဂလာပါဗျာ...
ဒီတစ်ခါ Android User တော်တော်များများမှာ Internet အလိုပွင့်နေတာတွေ၊ Software တွေကို Auto Install လုပ်နေတာတွေ
ပြီးတော့ ဖုန်းကသုံးလို့မရဘဲ စက်ကလေးနေ ဟန်းနေတာတွေကို ကြုံတွေ့နေကြရပါတယ်။ ဒါဟာဘာကြောင့်အဲ့လိုဖြစ်ရတာလဲဆိုတော့
Monkey task/ Time service ဆိုတဲ့ Virus တစ်မျိုးကဖုန်းထဲကိုဝင်ရောက်နေလို့ပါ။ ဒီ virus က ဖုန်းထဲကိုဘယ်လိုဝင်ရောက်လာတာလဲ
ဆိုရင် Facebook မှာ တွေ့ရတတ်တဲ့ Suggest Application တွေကို Download ဆွဲမိလို့ဖြစ်စေ၊ Original Launcher ကို မသုံးပဲ အခြား
Third Party Launcher တွေကို သုံးရာက ကြော်ငြာပါလာတဲ့ Application တွေကို Download ဆွဲမိရာကဖြစ်စေ ဖုန်းထဲကို
ဒီ Virus ကရောက်လာတတ်ပါတယ်။Sexy Link တွေမှာ Download ဆွဲရာမှလဲ ဒီ virus ၀င်ရောက်လာပြီဆိုရင်တော့ ဖုန်းမှာ Internetတွေ wifi တွေauto ပွင့်လာမယ်။ကိုယ်ကပြန်ပိတ်လဲ သူ့အလိုလို ပြန်ပွင့်လာပါလိမ့်မယ်။Internet တွေ wifi တွေပွင့်လာပြီဆိုရင်တော့ Software တွေကို
auto download လုပ်ပါတော့တယ်။ပြီးရင် ဖုန်းထဲကို auto Install လုပ်ပါတော့တယ်။ပြန်ပြီး Uninstall လုပ်လို့လဲမရပါဘူး။ဖုန်း Screen မှာလဲ
Short cut တွေကလဲ သူ့အလိုလိုပေါ်လာပြီး Phone Screen မှာနေရာယူပါတော့တယ်။ ကြော်ငြာပေါင်းစုံလဲဝင်လာပါလိမ့်မယ်။ အဲ့လိုဖြစ်လာပြီဆိုရင်
ဖုန်းကလေးလာမယ်။ဟန်းလာမယ်။ စက်ကဘာမှမသုံးရသေးဘူး ပူလာပါမယ်။ တဖြည်းဖြည်းနဲ့ Android System ဆိုပြီး ပေါ်လိုက်
ပျောက်လိုက်ဖြစ်လာပါမယ်။ နောက်ဆုံးတော့ဖုန်းက Firmware ကျသွားတဲ့အထိဖြစ်တတ်ပါတယ်။
အဲ့ဒီ Virus ကိုက်ခံရပြီဆိုရင် ဖြေရှင်းတဲ့နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။
- ဒီ virus ကို ရှင်းထုတ်နိုင်ဖို့ Device က Root Access ရှိဖို့တော့လိုအပ်ပါတယ်။ ပြီးရင်တော့ လိုအပ်တဲ့ Software လေးကို အရင်ဆုံး
download ရယူလိုက်ပါ။ ဒီ Software လေးကတော့ ကိုဖြိုးညီညီ ဖန်တီးထားတာပါ။ တကယ်လဲ အသုံးဝင်တဲ့ Software လေးမို့ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ဖန်တီးသူ ကိုဖြိုးညီညီ ကိုလဲ Credit ပေးပါတယ်။
Download
http://pc.cd/JUBrtalK
(OR)
http://www.mediafire.com/download/al3eaj8bw5odr15/AVT_MPPPG.7z
အသုံးပြုပုံကတော့ Zip File လေးကိုဖြည်လိုက်ပါ။ ဖုန်းကို Normal Mode နဲ့ ကြိုးထိုးပါ။
- Folder ထဲက Android Virus Removal Tool.exe ကို Run လိုက်ပါ။ Clean Device ကို နှိပ်ပေးလိုက်ပါ။
- ဖုန်းက Reboot ကျသွားပါလိမ့်မယ်။
- Reboot ကျပြီး ပြန်တက်လာရင်တော့ ဒုက္ခပေးနေတဲ့ Monkey task/ Time service error ရှင်းသွားပါလိမ့်မယ်။
Credit : Phyo Nyi Nyi
ကိုဇော်သွင်နည်းပညာ
Visit website
Subscribe to:
Post Comments (Atom)
Faisalabad is one of the biggest cities in Pakistan and the hub of the textile industry. It is widely acknowledged as the Manchester of Pakistan due to its large industrial role. The quality of the fabrics produced in this city has no parallel. In fact, the fabric is something of a specialty of Faisalabad. Many people from all over the country flock to this city for a spot of cloth shopping. We aim to provide you all of the best of Faisalabad at our store.
ReplyDeletetailoring factory near me ,
cut and sew factory ,