Saturday, October 17, 2015

ခံစားမိတာ

ကားပြိုင်ပွဲကပေးတဲ့ ဝေဒနာ
Myanmar Breaking News (မြန်မာသတင်းများစုစည်းမှု) / 2 hours ago

ခရာမှုတ်လိုက်တာနဲ့တစ်ပြိုင်နက် တာထွက် မှာ စုပြုံရပ်ထားတဲ့ကားတွေက သူ့ထက်ငါ အလုအယက် တိုးထွက်ကုန်တယ်။ ကားတိုင်းကပန်းတိုင်ရောက်ရေးဦး တည်နေတာဖြစ်လို့ တစ်စီးနဲ့တစ်စီး တိုးမိတိုက်မိတာတွေလည်း ရှိတယ်။ အချင်းချင်းရန်မမူအားဘူး။ ပြိုင်ပွဲ ဝင်တဲ့ကားတိုင်းက ပန်းတိုင်ရောက် ရေးသည်သာ အန္တိမရည်မှန်းချက်ဖြစ်နေတယ်။ တချို့ကားတွေ ခရီးတစ်ဝက်မှာ တိမ်းမှောက်ကုန်တယ်။

 ကားတချို့ကတော့ မီး လောင်ပျက်စီးကုန်တယ်။ ပြိုင်ပွဲ ဝင် ကားပေါင်းများစွာထဲက ကား အနည်းငယ်သာ သတ်မှတ်ချိန်အ တွင်း ပန်းတိုင်ဝင်နိုင်ကြတယ်။ ကားပြိုင်ပွဲမှာ သတ်မှတ်အရည်အ ချင်းနဲ့ပန်းဝင်ပြီး ဗိုလ်စွဲသူတွေကို ပွဲစီစဉ်ပေးတဲ့သူက ချိုချဉ်လက် တစ်ဆုပ်စီဆုအဖြစ် ဝေတယ်။

ပြိုင်ပွဲဝင်သူအားလုံးနီးပါး က အသက်(၁၀)နှစ်ခန့် ကလေး ငယ်တွေသာဖြစ်ကြတယ်။ တာ ထွက်ကနေ ပန်းဝင်တဲ့အထိ အ ကွာအဝေးကလည်း ဓာတ်တိုင် တစ်တိုင်စာလောက်သာ လှမ်း တယ်။ ပွဲစီစဉ်သူက အသက်(၆၀) ကျော်အရွယ် ပျော်ပျော်နေတတ် တဲ့ ဦးလေးကြီးတစ်ယောက်ဖြစ် တယ်။ ကားပြိုင်ပွဲအတွက် ပြိုင်ပွဲ ဝင်ကြေးပေးစရာမလိုဘူး။ မုဆိုး မသားမျက်နှာမွဲလည်း ဝင်ပြိုင်ခွင့် ရှိသလို လူကုံထံသူဌေးသားလည်း ဝင်နွှဲခွင့်ရှိတယ်။ အားလုံးတန်းတူ ရည်တူပါပဲ။ ကျွန်တော်ကိုယ်တိုင် လည်း ငယ်စဉ်က အဲဒီကားပြိုင်ပွဲ တွေမှာ ပါဝင်ဆင်နွှဲခဲ့ဖူးတယ်။

ကားပြိုင်ပွဲက သီတင်းကျွတ် မီးထွန်းကားတွေ ဆွဲပြီး ပြိုင်ကြရ တာပေါ့။ တစ်ခါပြိုင်ရင် ပြိုင်ပွဲဝင် ဆယ့်လေးငါးယောက်အထိ ရှိ တယ်။ သီတင်းကျွတ်လဆန်းတာ နဲ့ ကားပြိုင်ပွဲကို ရပ်ကွက်ထဲက ပျော်ပျော်နေတတ်တဲ့ ဦးလေးကြီး တစ်ယောက်က နှစ်စဉ် ဒိုင်ခံကျင်း ပပေးတယ်။ တန်ဆောင်မုန်းလအ ထိ ရပ်ကွက်ထဲမှာကားပြိုင်ပွဲတွေ က မပြတ်ဘူး။ ဥပုသ်နေ့ညတိုင်း မီးထွန်းကားပြိုင်ပွဲကို ရပ်ကွက်ထဲ က လမ်းကလေးမှာ အမြဲကျင်းပ တယ်။ ကားပြိုင်ပွဲဆိုပေမယ့် တ ကယ်ယှဉ်ပြိုင်ကြတော့ မီးထွန်း လှေတွေလည်း ပါတယ်။ မီးထွန်း မြင်းလှည်းတွေလည်း ပါတာပေါ့။ တချို့စိတ်ကူးကောင်းတဲ့ အရုပ် ချိုးသူတွေက သင်္ဘောတွေ၊ လေ ယာဉ်တွေကို မီးထွန်းကား သ ဏ္ဌာန်လုပ်ပြီး ရောင်းချကြတယ်။ အဲဒီတုန်းကတော့ လွန်ခဲ့တဲ့ (နှစ် ၂၀ ကျော်)မီးထွန်းကားတွေကို ပြည်တွင်း အရုပ်ချိုးသူတွေကပဲ လုပ်ပြီး ရောင်းချကြတယ်။ အခု ခေတ်လို တရုတ်နိုင်ငံလုပ်မီးထွန်း ကားတွေ ရောင်စုံမီးပုံးတွေ ခေတ်မစားသေးဘူး။ ကားပြိုင်ပွဲမှာပြိုင်ပွဲဝင်ကြသူတွေက မီးထွန်း ကားတွေကို ဖယောင်းတိုင်ထွန်း ထားပြီး ရှေ့ကနေ ဆွဲပြေးကြရ တာပေါ့။ ပြိုင်ပွဲသဘောဖြစ်တာ ရယ်၊ ပြိုင်ပွဲဝင်သူတွေကိုယ်တိုင် က အသက်(၁၀)နှစ်ခန့် ကလေး တွေချည်း ပြိုင်ကြတာရယ်ကြောင့် သူ့ထက်ငါ ရှေ့ရောက်အောင် ဆွဲပြေးကြတယ်။ ပြိုင်ဆိုင်မှုက ပြင်းထန်တယ်။

ပြိုင်ပွဲစည်းကမ်းအရ ပန်း ဝင်သူတိုင်းကို ဆုပေးတာတော့ မဟုတ်ဘူး။ ဆုရမယ့်ကားက ပန်း တိုင်ကို တခြားပြိုင်ပွဲဝင်ကားတွေ ထက် အရင်ဝင်နိုင်ရမယ်။ ကား ပေါ်မှာ ထွန်းထားတဲ့ ဖယောင်း တိုင်မီးမငြိမ်းရဘူး။ ပြိုင်ပွဲဝင်ရင်း မီးလောင်ထားတဲ့ကားမဖြစ်ရ ဘူး။ အကောင်းပကတိအတိုင်း ရှိ နေရမယ်။ ချိုချဉ်လက်တစ်ဆုပ် စာရဖို့က တကယ်တော့ မလွယ် လှဘူး။ တချို့ကလေးငယ်တွေ ကားပြိုင်ပွဲဝင်ရင်း မီးလောင်ပျက် စီးသွားတဲ့အခါ ပြိုင်ပွဲစီစဉ်သူ ဦး လေးကြီးက ခပ်ပြုံးပြုံးလုပ်နေ တတ်တယ်။ ပြိုင်ပွဲဝင်ကလေးရဲ့ မိဘတွေကတော့ သူတို့သားသမီး တွေရဲ့မီးထွန်းကားတွေမီးလောင် တဲ့အခါစိတ်ဆိုးလေ့ရှိတယ်။ မိဘ တွေစိတ်ဆိုးတာကို မြင်ရင် ပွဲစီ စဉ်သူဦးလေးကြီးက ဟားတိုက် ရယ်တယ်။ နောက်နေ့တွေမှာ ဦး လေးကြီးက မီးလောင်သွားတဲ့ ကားပိုင်ရှင်ကလေးတွေအတွက် မီးထွန်းကား အသစ်တစ်စီးပြန် ဝယ်ပေးလေ့ရှိတယ်။ (ဦးလေးကြီးက ချမ်းသာတဲ့သူမဟုတ်ဘဲ သာမန်လက်လုပ်လက်စား ပျော် ပျော်နေတတ်သူတစ်ယောက်သာ ဖြစ်ပါတယ်)ပြိုင်ပွဲအတွက် ဘယ်ကုမ္ပဏီ၊ ဘယ်သူဌေးကမှ စပွန်ဆာ မပေးပါဘူး။ ဦးလေးကြီးရဲ့အိတ်ကပ်ထဲက ငွေနဲ့သာ ပြိုင်ပွဲကို ကျင်းပပေးတာ ဖြစ်တယ်။ ကျွန်တော်မှတ်မိသလောက် ကားပြိုင်ပွဲမှာ ဆုရသူနည်းသလောက် မီးလောင်ပျက်စီးတဲ့ကားက များလှတယ်။ ပြိုင်ပွဲဝင်ရင်း မီးလောင် ပျက်စီးသွားရင် ကားပိုင်ရှင်က လေးငယ်တွေရဲ့မိဘတွေက ဗျစ် တောက်ဗျစ်တောက်ပြောစမြဲ။ ပွဲ စီစဉ်သူ ဦးလေးကြီးကလည်း နောက်တစ်နေ့မှာ မီးလောင်သွား တဲ့ကားတွေအတွက် ကားအသစ် တစ်စီး မမေ့မလျော့ ဝယ်ပေးစမြဲ။ ကျွန်တော်တို့ကလေးငယ်တွေက လည်း ချိုချဉ်လက်တစ်ဆုပ်စာရ နိုးနဲ့ နောက်ဥပုသ်မှာ ပြိုင်ပွဲဝင်ကြ စမြဲ။ သီတင်းကျွတ်မီးထွန်းကာ လာနီးလာပေမယ့်(ရပ်ကွက်ထဲ မှာ)မီးထွန်းကားဆွဲတဲ့ဓလေ့ အ ရင်ထက် စာရင် နည်းလာတယ်။ ကလေးငယ်တွေကိုယ်တိုင်က ကျွန်တော်တို့ငယ်ငယ်ကလို မီး ထွန်းကားတွေ ခုံခုံမင်မင် မဆွဲချင် ကြတော့ဘူး။ မီးထွန်းကားပြိုင်ပွဲ တွေ စီစဉ်ပေးတဲ့ ဦးလေးကြီး လည်း ကွယ်လွန်သွားပါပြီ။ ဦး လေးကြီးလို ကိုယ့်ထမင်းကိုယ်စား ပြီး ရပ်ကွက်ထဲက ကလေးတွေ ပျော်အောင် လုပ်ပေးကြတဲ့သူ တွေ မရှိတော့ဘူး။ အခုခေတ်က ကြီးတော်နွားပေမယ့် ပိုက်ဆံရမှ ကျောင်းချင်ကြတယ်။ အရာရာ မှာ ငွေက စကားပြောလာပြီ။ ပိုက်ဆံ သရဏံ ဂစ္ဆာမိတွေသာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များလာတယ်။ ကျွန်တော်တို့ လည်း မီးထွန်းကားဆွဲရမယ့် အ ရွယ်ကို လွန်မြောက်ပြီး လုပ်ငန်း ခွင်အသီးသီးမှာ ကျရာတာဝန် တွေ ထမ်းဆောင်နေကြရပြီ။ တစ်ခါတလေတော့လည်း ငယ် ငယ်က ပြိုင်ပွဲဝင်ခဲ့တဲ့မီးထွန်းကား ပြိုင်ပွဲအကြောင်း ခေါင်းထဲရောက် လာတယ်။ ကျွန်တော်တို့ ဘာ ကြောင့် ကားပြိုင်ပွဲကို ပါဝင်ဆင် နွှဲခဲ့ကြပါလိမ့်။ (ချိုချဉ်လက်တစ် ဆုပ်စာရဖို့ တစ်ခုတည်းမဟုတ် တာ သေချာတယ်) စွမ်းဆောင် ရည်ကို ဖော်ပြချင်တာလည်းပါနိုင် တယ်။ အများတန်းတူ ပါဝင်ယှဉ်ပြိုင်လိုတာလည်း ပါဝင်ကောင်း ပါဝင်နိုင်တယ်။ ဒါပေမဲ့ အဲဒီတုန်း က ကျွန်တော်တို့မစဉ်းစားမိတာ က ပြိုင်ပွဲဦးစီးကျင်းပပေးသူက တရားမျှတမှုရှိရဲ့လား။ ပြိုင်ပွဲကို အဆုံးအဖြတ် ပေးမယ့်သူက သမာသမတ်ကျရဲ့လားဆိုတာပဲ။ အရွယ်ငယ်သေးတဲ့အပြင် ပြိုင်ပွဲတစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင် မှုမရှိတော့ ပြိုင်ပွဲကို ရိုးရိုးလေးလို့ အောက်မေ့ခဲ့တာပေါ့။ တကယ် တော့ ပြိုင်ပွဲတိုင်းက ထင်ထား သလောက် မရိုးသားဘူးဆိုတာ အချိန်အတော်လေးကြာမှ သိခဲ့ ရတယ်။ သန်းနိုင်ဦး
Visit website


Posted via Blogaway

No comments:

Post a Comment