Saturday, May 16, 2015

ခံစားမိတာလေးပါ

Aye Chan Mon's Facebook Wall / Aye Chan Mon / 6 hours ago

Timeline Photos
ကျောင်းကို ထောင်လိုမဖြစ်ပါစေနဲ့ --------------------------------------- စာသင်ကျောင်းနဲ့ လက်တွေ့ဘ၀ ဘာတွေကွာခြားသလဲလို့ စာတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ ရိုးရိုးပြောရရင် "ကျောင်းနဲ့အပြင်" ဘာတွေကွာသလဲပေါ့။ ကျောင်းဆိုတာက သင်ခန်းစာအပေးခံရတယ်။ တတ်မတတ် စမ်းသပ်တာခံရတယ်။ အပြင်ဆိုတာက ကိုယ့်ကိုပေးလိုက်တဲ့ သင်ခန်းစာတိုင်းကို ကိုယ်ကပြန်ပြီး စမ်းသပ်နေရတယ်။ အပြင်နဲ့ကျောင်းဟာ အရမ်းကွာတယ်။ ကျောင်းတွေက ပေးလိုက်တဲ့ သင်ခန်းစာတိုင်းဟာ အပြင်မှာ သုံးစားလို့ ရချင်မှရတယ်။ ဒါပေမဲ့ အဲဒီ သင်ခန်းစားတွေကို ဆင်ခြင် သုံးသပ်ဖို့တော့ ကျောင်းတွေက အခြေခံပေးလိုက်တာ များတယ်။ ဒါကြောင့် ကျောင်းတွေက ရေကူးတတ်အောင် ကျောက်သင်ပုန်းပေါ်မှာ မသင်စေချင်ဘူး။ ရေကူးတတ်အောင် ကလေးတွေကို ရေထဲခေါ်သွားစေချင်တယ်။ ကျောင်းဆိုတာ မျိုးဆက်ဟောင်းတွေရဲ့ ချန်ထားခဲ့တဲ့ အ၀တ်ဟောင်းတွေကို ကောက်စွပ်ပြီး ၀င့်ကြွားရမယ့် နေရာမဟုတ်ဘူး။ မျိုးဆက်သစ်တွေ စိတ်သစ် လူသစ် အ၀တ်သစ်တွေနဲ့ ၀င့်ကြွားသင့်တဲ့နေရာ။ ကျောင်းဆိုတာ အဟောင်းအစုတ်တွေကို ပြောင်းချုပ်ပြပြီး ဂုဏ်ယူရမယ့်နေရာမဟုတ်ဘူး။ တီထွင်မှု၊ ထိုးထွင်းမှု၊ ထိုးဖောက်မှု၊ ဖော်ထုတ်မှုတွေကို လုပ်နေရမယ့်နေရာ။ ကျောင်းဆိုတာ ပြောသမျှ ခေါင်းငုံ့၊ ဟုတ်ကဲ့လိုက်ပြီး၊ ပြန်မပြောနားထောင်ခိုင်းရမယ့် နေရာမဟုတ်ဘူး။ ဒီလိုမဖြစ်နိုင်ဘူးလား၊ ဟိုလို မဖြစ်နိုင်ဘူးလား၊ မင်း ဘယ်လိုထင်သလဲ၊ ကောင်းလိုက်တဲ့စိတ်ကူး၊ ဆရာတောင် မင်းလို မတွေးမိဘူး အဲဒီလို အသံတွေ ညံနေတဲ့ စာသင်ခန်း မဖြစ်သေးသမျှ ခင်ဗျားတို့ ကျောင်းသားတွေကို ထောင်ချထားတာနဲ့ အတူတူပဲနေလိမ့်မယ်။ (ဂျင်း ပီယာဂျေးရဲ့ စိတ်ကူးတွေကို ပြန်လည်ခံစားပါတယ်) Maukkha SearchMyanmar
Visit website

No comments:

Post a Comment