Wednesday, April 11, 2018

ဂိမ်းရေးမယ်.

Game Development Class (ဂိမ်းရေးနည်းသင်တန်း)
ဂိမ်းဖန်တီးခြင်းကို Unity Game Engine နှင့် Blender 3D Animation Software တို့ကို အသုံးပြုပြီး သင်ကြားပေးမှာ ဖြစ်ပါတယ်။ Programming, 3D Modeling & Animation နှင့် Game Engine အသုံးပြုနည်းများအား အခြေခံမှ စတင်သင်ကြားရမည်ဖြစ်ပြီး ကွန်ပျူတာ အခြေခံသာ တတ်ထားရန် လိုအပ်ပါသည်။ Computer Game နှင့် Mobile Game များဖန်တီးနိုင်အောင် သင်ကြားပေးမည် ဖြစ်ပြီး သင်ခန်းစာများတွင် First Person Shooter, Third Person Shooter, Physic, Racing, RPG, Tower Defense Game, Multiplayer Network Game ပုံစံများကို Project ပေါင်းများစွာဖြင့် သင်ကြားရမှာ ဖြစ်ပါတယ်။ အတန်းတစ်တန်းလျင် အများဆုံး ၈ ဦးသာ လက်ခံသင်ကြားပေးပါသည်။ သင်တန်းပြီးဆုံးသွားလျင်လဲ အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်အကိုင်ရှာဖွေပေးခြင်း၊ ကိုယ်ပိုင် ဂိမ်းရောင်းလိုသူများအတွက် Playstore Account များဝယ်ယူပေးခြင်း၊ ဂိမ်းရောင်း၍ရသော ပိုက်ဆံများ ငွေလွှဲပေးခြင်းတို့ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဤသင်တန်းသည် Professional သင်တန်းတစ်ခု ဖြစ်ပြီး ကလေးငယ်များအား အသက် ၁၂ နှစ်မှစပြီး လက်ခံပါသည်။ မိဘများအနေနဲ့ ကလေးများရဲ့ ဂိမ်းအပေါ် စိတ်ဝင်စားမှုကို ဂိမ်းဖန်တီးသူ တစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးခြင်းဖြင့် သူတို့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားစေခြင်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုရရှိခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ အတန်းချိန်နှင့် အသေးစိပ် အချက်အလက်များကို www.thorsam.com/gamedevelopment မှာ ၀င်ရောက်ဖတ်ရှု နိုင်ပါတယ်။ သင်တန်းနှင့် ပတ်သက်၍ အခြားမေးမြန်းစရာများ ရှိပါက Comment နှင့် Chatbox တွင်မေးမြန်းနိုင်ပါသည်။
- - - - - - - - - -
#Fees_and_Promotion
သင်တန်းကြေး - 500000 (ငါးသိန်း) ကျပ်
သင်တန်းစမည့်ရက်ထက်
(၁) ပတ်ကြိုအပ်ပါက 5%
(၁) လကြိုအပ်ပါက 10%
(၂) လကြိုအပ်ပါက 20%
အသီးသီးလျှော့ပေးမှာဖြစ်လို့ စောစောလာအပ်ပေးဖို့ မမေ့နဲ့နော် . . . ။
- - - - - - - - - -
#Timetable
March 25 - Sat & Sun - 3PM to 6PM
March 28 - Tue to Fri - 10AM to 12PM
July 4 - Mon to Fri - 2PM to 4PM
- - - - - - - - - -
#Contact
ဖုန်း - 09 970228229, 09 788999876
လိပ်စာ - ပဒုမ္မာလမ်း၊ စမ်းချောင်း၊ ရန်ကုန်။ မြေနီကုန်းနှင့် နီးသည်။
မနက် ၁၀ နာရီမှ ည ၈ နာရီထိ ဖွင့်သည်။ တနင်္လာနေ့တိုင်း ပိတ်ပါသည်။
website - www.thorsam.com


Tuesday, April 10, 2018

Online Education

ရှစ်လတာ စီစဉ်ပြီးနောက်
ရွှေမော်ကွန်း
Online School ထွက်ပေါ်လာပါပြီ။

မတတ်နိုင်သူများ
အလုပ်မအားသူများ
သင်ရိုးပြန်လည်လေ့လာလိုသူများအတွက်
ရွှေမော်ကွန်း Online School

သင်ယူမယ့် ကလေးတယောက်စီအတွက်
ကြိုတင်ပြီး ဘာသာရပ် စာစဉ်တွေ ပို့ထားပေးမှာပါ။
နေ့စဉ်ကျောင်းတခုတတ်နေရသလို
အချိန်မှန် တတ်ရောက်လို့ရပါတယ်။
သင်ကြားပြီးတာတွေကို
video ခွေလေးတွေ ပေးပို့သွားမှာပါ။

စာသင်ကြားနေတဲ့ Guide များအတွက်လည်း
မိမိတပည့်များကို
အချိန်ကိုက်လေ့ကျင့်ပေးထားနိုင်အောင်
စီစဉ်ထားပါတယ်။

တဘာသာချင်း အခက်အခဲရှိတဲ့
ဆရာ ဆရာမများအတွက်
အချိန်မှန် သင်ရိုး အသေးစိတ်ကို
လေ့လာနိုင်မှာပါ။

တလချင်းစီအတွက် မေးခွန်းတွေ
လေ့လာနိင်မှာပါ။မေးခွန်းရဲ့အဖြေလွာတွေလဲ
လစဉ်ရရှိနိုင်ဦးမှာပါ။

သင်ယူဖို့ အချိန်မအားသူတွေ
ဆယ်တန်းကျလို့ ပြန်ဖြေချင်သူတွေအတွက်
များစွာ အဆင်ပြေစေမှာပါ။

ကျူရှင်ကျောင်းများကလည်း
တပည့်များကို
ရှင်းလင်းပြတ်သားတဲ့
Video ဖိုင်တွေ
အပတ်စဉ်အချိန်တခုထားပြီး
ပြသနိုင်ပါတယ်။

စာသင်စဉ်မှာ
စာရွက်စာတမ်းများ
ကြိုတင်ပေးပို့ထားတာကြောင့်
လေ့လာလို့
လွယ်ကူစေမှာပါ။

အခါအားလျော်စွာ
ထုတ်လွင့်တဲ့
Live Quize များ
ဖြေခြင်းအားဖြင့်
လက်ဆေါင်များ ရရှိဦးမှာ ဖြစ်ပါတယ်။

စာသင်ချိန်က
ဇွန်လမှာ စတင်ပြီး
ဒီဇင်ဘာလမှာ
သင်ရိုးပြီးဆုံးမှာဖြစ်ပါတယ်။

ရွှေမော်ကွန်းရဲ့
အဖွဲ့သား
၁၁ယောက်နဲ့
ရွှေမော်ကွန်း
Online School ကို
လည်ပတ်မှာဖြစ်ပါတယ်။

အစီအစဉ်
********

ရွှေမော်ကွန်း
Online Matriculation Class ဖွင့်လှစ်ခြင်း
******************************
၁။ပြောင်းလဲလာသည့် စနစ်သစ်နှင့်အညီ
မြန်မာနိုင်ငံအနှံ့ ပညာရေး ဝေးသည်မရှိသော
အစီအစဉ်ဖြစ်ပါသည်။

၂။ Online Training Class ကို Face book page ဖြစ်သော ရွှေမော်ကွန်း Online School တွင် တိုက်ရိုက် သင်ကြားနိုင်မည် ဖြစ်ပါသည်။

၃။ တဘာသာချင်းအတွက် ဆိုင်ရာ တက္ကသိုလ်ဝင်တန်း သင်ရိုးညွန်းတမ်းများကို သင်ကြားခြင်းမပြုမီ တတ်ရောက်ကြသော ကျောင်းသား ကျောင်းသူများအတွက် ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။

၎။ ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပေးမည့် အချိန်သည် ညနေ ၆ နာရီမှ စတင်ကာ သင်ကြားရေးဖိုင်များတင်မည် ဖြစ်ပါသည်။ တဘာသာလျှင် တနာရီခွဲနူန်းဖြင့် တပတ်လျှင် ၂ရက်ပို့ချပေးမည် ဖြစ်ပါသည်။ ကြိုက်သည့်အချိန်တွင် ဖွင့်ပြသင်ယူနိုင်ပါသည်။

၅။  စနစ်ကျသော သင်ကြားမူ့ပုံစံဖြင့် ရှင်းလင်းပြတ်သားစွာ သင်ယူနိုင်မည် ဖြစ်ပါသည်။ ကျောင်းဖွင့်ရာသီ ဇွန်လတွင် စတင်မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် သင်ရိုးပြီးစီးမည် ဖြစ်ပါသည်။ တလချင်းအလိုက် မေးခွန်းများနှင့် အဖြေများကို သင်ယူသူများထံသို ပေးပို့သွားမည် ဖြစ်ပါသည်။

၆။ သင်ယူသူများအတွက် ရွှေမော်ကွန်း Online School ဝင်ကြေးကို ၅၀၀၀၀ သတ်မှတ်ပါသည်။ ဝင်ကြေးတွင် ဆိုင်ရာ စာရွက်စာတမ်းဖိုးများ။ CD များ ပါဝင်ပြီးဖြစ်ပါသည်။ လစဉ်ကြေးမှာ ၂၀၀၀၀ဖြစ်ပါသည်။
တတ်ရောက်ရန်အတွက် ငွေကြေး ခက်ခဲသည့် ကျောင်းသူကျောင်းသားများသည် ရွှေမော်ကွန်းသို့ လိပ်မူကာ ကိုယ်ရေးမှတ်တမ်း အပြည့်အစုံ ထောက်ခံချက် အစုံအလင်တို့ဖြင့် ပေးပို့ လျှောက်ထားကာ ကျောင်းဖွင့်ရာသီတခုလုံးအတွက် သင်တန်းကြေး အခမဲ့ဖြင့် တတ်ရောက်နိုင်ပါသည်။

၇။ လစဉ်ကြေး ၂၀၀၀၀အတွက် ကနဦး ဘာသာများမှာ
(i) ကိုးတန်း ရူပဗေဒဘာသာရပ် ။
(ii) ကိုးတန်း ဓာတုဗေဒ ဘာသာရပ် ။
(iii) ကိုးတန်း သချာင်္ဘာသာရပ်။
(iv) တက္ကသိုလ်ဝင်တန်း ရူပဗေဒ ဘာသာရပ် ။
(v) တက္ကသိုလ်ဝင်တန်း သချာင်္ ဘာသာရပ် ။
(iv) တက္ကသိုလ်ဝင်တန်း ဓာတု ဗေဒ ဘာသာရပ်တို့ ပါဝင်ပါသည်။ ထိုဘာသာတို့အပြင် တခြားသော ဘာသာရပ်များကိုလည်း တဖြေးဖြေးနှင့် တိုးမြင့်ပေးသွားမည်ုဖစ်ပါသည်။ ထို့အတွက် လစဉ်ကြေးနှင့် သင်တန်းကြေးတို့ကို ထပ်မံတိုးမြင့်မည် မဟုတ်ပါ။

တောင်းဆိုချက်များအရ
အင်္ဂလိပ်ဘာသာထည့်ရန် စီစဉ်နေပါသည်။

၈။ တဘာသာတည်းသာ သီးသန့် သင်ယူလိုသူများအတွက် ဝင်ကြေးနှင်အတူ လစဉ်ကြေး ၁သောင်းကျပ်သာ ပေးသွင်းရမည် ဖြစ်ပါသည်။

၉။ အသေးစိတ်ပို့ချမည်ဖြစ်သောကြောင့်ဆယ်တန်းကျရှုံးပြီး အလုပ်တဖက်ဖြင့် ဆယ်တန်း ပြန်လည်ဖြေဆိုလိုသူများ။ ကျုရှင်တတ်ရောက်နေသော်လည်း အားမရဖြစ်နေသူများ။ တပည့်များအတွက် 
ထပ်မံပံ့ပိုးလိုသော Guide များ နှင့် အခြားနည်းများဖြင့် တပည့်များကို ပံပိုးပေးလိုသောဆရာ ဆရာမများအတွက် လွန်စွာ အဆင်ပြေသော သင်တန်းဖြစ်ပါသည်။

၁၀။  သင်တန်းတတ်ရောက်ရန် စာရင်းပေးသွင်းထားသူများသည် ဇွန်လမတိုင်မီ အကောင့်တခုစီနှင့် password တခုစီ ရရှိမည်ဖြစ်ပါသည်။ ထို passage နှင့် အကောင့်ကို သုံးကာ တတ်ရောက်နိုင်ပါသည်။

ရွှေမော်ကွန်း Online School နှင့်ပတ်သက်၍ ဖုန်းနံပါတ် 0973100001, 09790177054 နှင့်   09795636213
တို့်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Computer

Virus ​အတွက်​ software မလိုပါဘူး Virus ကိုသိရင်​ရပါပြီ

ဖြေရှင်းတဲ့နည်းလမ်းတွေက

မည်သည့် Anti-virus Program များကိုမှ မသုံးပဲ ဗိုင်းရပ်(စ်)များကိုဖယ်ရှားမယ်​ဗျာ

1. စက်ကို restart လုပ်ပါ။ပြန်တက်ခါစတွင် F8 key ကိုဖိနှိပ်ပါ။ Safe Mode Command Prompt Only ကိုရွေးပေးပါ။

2. Command Prompt ထဲကို Administrator အနေဖြင့်ဝင်ရောက်ထားကြောင်းသေချာပါစေ။

3. cd C:\windows\system32 ရိုက်ပါ။

4. dir /ah ရိုက်ပါ။ (System မှ ဖျောက်ထားသောဖိုင်များကို ခေါ်ယူကြည့်ရှုခြင်းဖြစ်သည်။)

[ သင့်အနေနှင့် AUTORUN.INI, BLASTCLNNN.EXE, SCVHOST.EXE ဗိုင်းရပ်(စ်)ဖိုင်မျာပျံ့နှံ့နေ သည်ကိုသတိပြုကြည့်ပါ။ ]

5. အောက်ပါအတိုင်းဖြေးဖြေးနှင့်မှန်ကန်တိကျစွာတစ်ကြောင်းရိုက်ပြီးတိုင်း ENTER ခေါက်ပေးပါရန်။

Type ATTRIB -H -R -S SCVHOST.EXE
Type ATTRIB -H -R -S BLASTCLNNN.EXE
Type ATTRIB -H -R -S AUTORUN.INI
Type DEL -H -R -S SCVHOST.EXE
Type DEL -H -R -S BLASTCLNNN.EXE
Type DEL -H -R -S AUTORUN.INI
TYPE CD\
TYPE ATTRIB -H -R -S AUTORUN.INF
TYPE DEL AUTORUN.INF

အားလုံးရိုက်ပြီးလျှင် စက်ကို နောက်ထပ်တစ်ကြိမ် RESTART လုပ်ပါ။

6. Start Menu ---> ClK Run ---> Regedit ရိုက်ပါ။

[ သတိပြုရန် registery ကို လိုလိုမယ်မယ် backup ကြိုလုပ်ထားပေးစေလိုပါသည်။ ]

7. Look the location entry:

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Run ကိုသွားပါ။
Entry Yahoo! Messengger Value က C:\windows\system32\scvhost.exe ကိုတွေ့ရင်ဖျက်ပစ်ပါ။

8. Look the location entry:

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Winlogon သွားပါ။
Entry Named မှာ SHELL, Valu = Explorer.exe,SCVHOST.EXE ကိုတွေ့ခဲ့ရင် Edit this Value ကိုရွေးပေးပြီး SCVHOST.EXE ကိုဖျက်ပါ Explorer.exe ကိုချန်ထားခဲ့ပါ။တကယ်လို့မျာ အဆိုပါ ဖိုင်ကိုမှားယွင်း ဖျက်လိုက်မိပါက စက်ထဲကို login ၀င်လို့ရမည်မဟုတ်ပါ။

စက်ကို restart နောက်တစ်ကြိမ်ပြန်လုပ်ပေးခြင်းဖြင့် သင့်ကိုဒုက္ခပေးနေသော ဗိုင်းရပ်(စ်)များကို System ထဲမှ အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပါသည်။

အဆင်ပြေကြပါစေ။
မူရင်း :Crd


English

၁၀ တန်း အင်္ဂလိပ်စာ Unit 1 ကနေ Unit 14 ထိ၊ Poem ၇ ပုဒ် တို့ကို
အားလုံး တစ်စုတစ်စည်းတည်း ဖြစ်အောင်လို့ PDF ဖိုင်အဖြစ်နဲ့ ဖန်တီးပြီး တင်ပေးလိုက်ပါတယ်...

အရင်တုန်းက တင်ခဲ့တဲ့ File တွေက နောက်ခံ Background အပြာရောင်ဖြစ်နေတာကြောင့်
Print ထုတ်ရာမှာ အဆင်မပြေမှုအနည်းငယ် ဖြစ်ပေါ်နိုင်ခဲ့တဲ့
အနေအထားကနေ
အခုခါမှာတော့ Background ကို အဖြူရောင် နောက်ခံထားရှိတာကြောင့်
Print ထုတ်ရာမှာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်...

စာမျက်နှာပေါင်း ၂၅၀ နီးပါးခန့် ပါဝင်ပြီး
Unit တစ်ခုချင်းစီကို မာတိကာ နဲ့ စာမျက်နှာ ဘယ်လောက် ကနေ
ဘယ်လောက်အထိ ဆိုတာကို စီစဉ်ဆောင်ရွက်ပေးထားပါတယ်...

၂၀၁၈ ခုနှစ် မေးခွန်းဟောင်းတွေ အထိ update လုပ်ထားပြီးဖြစ်
ပါတယ်........

နောက်ထပ် ထပ်မံ ထည့်သွင်းပေးထားတာကတော့
Say Something မေးခွန်း တွေကိုပါ ထည့်သွင်းပေးထားတာပဲ
ဖြစ်ပါတယ်...

တစ်ချို့သော စာကြောင်းတွေမှာ ဆရာကြီး ဆရာမကြီးတွေရဲ့ သင်ကြားပို့ချချက်တွေ ၊ အာဘော်တွေကို
မှီငြမ်းပြီး ထပ်မံထည့်သွင်းပေးထားခဲ့ပါတယ်..

အောက်က Download Link ၂ ခုကနေ download ရယူနိုင်ပါပြီ...

Download Link 1
http://www.mediafire.com/file/u8021fbc8qtl0lh/Major_Zol_Bin_Grade_10_English.pdf

Download Link 2
https://my.pcloud.com/publink/show?code=XZd72Q7ZftLTNdQNidXuYBfyxemWpVpPNIU7

စာအုပ်တစ်အုပ် အဖြစ် ဘယ်လို ဖန်တီးထားတယ်ဆိုတာကို သိရှိရအောင် Image ဖိုင်အဖြစ်နဲ့ နမူနာပုံစံတင်ပြပေးလိုက်ပါတယ်...

Zol Bin
10.4.2018
Nay Pyi Taw


၁၀ တန်း အင်္ဂလိပ်စာ Unit 1 ကနေ Unit 14 ထိ၊ Poem  ၇ ပုဒ် တို့ကို
အားလုံး တစ်စုတစ်စည်းတည်း ဖြစ်အောင်လို့  PDF ဖိုင်အဖြစ်နဲ့ ဖန်တီးပြီး တင်ပေးလိုက်ပါတယ်...

အရင်တုန်းက တင်ခဲ့တဲ့ File တွေက နောက်ခံ Background  အပြာရောင်ဖြစ်နေတာကြောင့်
Print ထုတ်ရာမှာ အဆင်မပြေမှုအနည်းငယ် ဖြစ်ပေါ်နိုင်ခဲ့တဲ့
အနေအထားကနေ
အခုခါမှာတော့ Background ကို အဖြူရောင် နောက်ခံထားရှိတာကြောင့်
Print ထုတ်ရာမှာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်...

စာမျက်နှာပေါင်း ၂၅၀ နီးပါးခန့် ပါဝင်ပြီး
Unit တစ်ခုချင်းစီကို မာတိကာ နဲ့ စာမျက်နှာ ဘယ်လောက် ကနေ
ဘယ်လောက်အထိ ဆိုတာကို စီစဉ်ဆောင်ရွက်ပေးထားပါတယ်...

၂၀၁၈ ခုနှစ် မေးခွန်းဟောင်းတွေ အထိ update လုပ်ထားပြီးဖြစ်
ပါတယ်........

နောက်ထပ် ထပ်မံ ထည့်သွင်းပေးထားတာကတော့
Say Something မေးခွန်း တွေကိုပါ ထည့်သွင်းပေးထားတာပဲ
ဖြစ်ပါတယ်...

တစ်ချို့သော စာကြောင်းတွေမှာ ဆရာကြီး ဆရာမကြီးတွေရဲ့ သင်ကြားပို့ချချက်တွေ ၊ အာဘော်တွေကို 
မှီငြမ်းပြီး ထပ်မံထည့်သွင်းပေးထားခဲ့ပါတယ်..

အောက်က Download Link ၂ ခုကနေ  download ရယူနိုင်ပါပြီ...

Download Link 1
http://www.mediafire.com/file/u8021fbc8qtl0lh/Major_Zol_Bin_Grade_10_English.pdf

Download Link 2
https://my.pcloud.com/publink/show?code=XZd72Q7ZftLTNdQNidXuYBfyxemWpVpPNIU7

စာအုပ်တစ်အုပ် အဖြစ် ဘယ်လို ဖန်တီးထားတယ်ဆိုတာကို သိရှိရအောင် Image ဖိုင်အဖြစ်နဲ့ နမူနာပုံစံတင်ပြပေးလိုက်ပါတယ်...

Zol Bin
10.4.2018
Nay Pyi Taw down  down2