၂၀၁၆/၂၀၁၇ ပညာသင်နှစ်
တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ကျောင်းသူများအတွက်။
လေ့ကျင်ဖြေဆိုနိုင်ရန် မေးခွန်း (၅) စုံစီ စုစည်းပြီးတင်ပေးလိုက်ပါတယ်။
ဆရာများရဲ့အကူအညီကိုရယူပြီး အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေဆိုနိုင်အောင် လေ့ကျင့် ကျက်မှတ်ထားကြပါ။
(Myanmar)
မြန်မာစာလေ့ကျင့်ရေးမေးခွန်း (၅) စုံ
https://drive.google.com/file/d/0ByJ6yxzZ2ppmZlRVMU1oVFJ6d2M/view?usp=drivesdk
(English)
အင်္ဂလိပ်စာလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmaE44YnVDY1hqWkE/view?usp=drivesdk
(Math)
သင်္ချာလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmbHdacEJOWUdRSW8/view?usp=drivesdk
(Chemistry)
ဓာတုဗေဒလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmbWZaS3ZCQU4wa1k/view?usp=drivesdk
(Physics)
ရူပဗေဒလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmNGcySTRVSlVqcm8/view?usp=drivesdk
(Bio)
ဇီဝဗေဒလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmTHBLYXJSanhCelE/view?usp=drivesdk
Labels
Monday, February 6, 2017
သိထားစရာလေး
Friday, February 3, 2017
လေးစားစရာများ
ကမ္ဘာ့အကျော်ကြားဆုံး အမျိုးသမီးပရိုဂရမ်မာ ၅ ဦး
Programming ကို စပြီး တီထွင်ခဲ့တာ အမျိုးသားတစ်ယောက် မဟုတ်ခဲ့ပါဘူး။
ဒီနေ့ နည်းပညာကမ္ဘာမှာ လူတိုင်းကြားဖူးနေတဲ့ Programming ရဲ့ သမိုင်းကို သိရင် အားလုံးအံ့သြသွားကြမယ်ထင်ပါတယ်။ ဒီနေ့ ခေတ်မှာ ကိုယ်သိထားတဲ့ ကမ္ဘာကျော်အိုင်တီပညာရှင်တစ်ယောက်ယောက်အကြောင်း ပြောပါဆိုရင် အားလုံးက အများသိနေကြတဲ့ ဘီလ်ဂိတ် ၊ မတ်ခ်ဇူကာဘတ်ခ် ၊ အန်ဒီရူဘင် စတဲ့ ဒိတ်ဒိတ်ကြဲ အိုင်တီပညာရှင်နှင့် လုပ်ငန်းရှင်များကို ညွှန်းကြမှာပါ။ သေချာတာက လူအတော်များများ ညွှန်းလိုက်တာဟာ အမျိုးသားအိုင်တီပညာရှင်များပဲ ဖြစ်နေဖို့ များပါတယ်။ ဒါပေမယ့် programming ကို စပြီး တီထွင်ခဲ့တာဟာ အမျိုးသားတစ်ယောက် မဟုတ်ခဲ့ပါဘူး။
ပထမဆုံး algorithm ကုဒ်ရေးခဲ့သူကတော့ Lovelace မြို့ စားကတော် သင်္ချာပညာရှင်နဲ့ စာရေးဆရာမ သြဂတ်စထရာ အေဒါ ဖြစ်ပြီး ချားစ်ဘက်ဘေ့ဂ်ျ တီထွင်ခဲ့တဲ့ ခေတ်သစ်ကွန်ပျူတာရဲ့ အစ ဖြစ်တဲ့ Analytical Engine မှ ပထမဆုံး ပရိုဂရမ်ရေးခဲ့တာပါ။ သူမဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ပရိုဂရမ်မာတစ်ဦးဖြစ်ခဲ့ပြီး ဒီပရိုဂရမ်ဘာသာစကားကို Ada လို့ ခေါ်ပါတယ်။မြို့ စားကတော် အေဒါရဲ့နောက်မှာ ကမ္ဘာကျော်အမျိုးသမီးပရိုဂရမ်မာ များများစားစား ထွက်မလာပါဘူး။ ဒါပေမယ်လည်း ခေတ်သစ်အိုင်တီပညာရှင်အမျိုးသမီးများဟာ သူ့ အစွမ်းနဲ့ သူ နည့်းပညာနယ်ပယ်ကို ဦးဆောင်နေကြပါတယ်။ယခု တင်ပြပေးသွားမှာကတော့ လက်ရှိ ကွန်ပျူတာနယ်ပယ်မှာ အကျော်ကြားဆုံးအမျိုးသမီး ပရိုဂရမ်မာ ၅ ဦးအကြောင်းပဲ ဖြစ်ပါတယ်။
(၁) ဂျိတ်ရေမွန်ဒ်
Assasin Creed ဆော့ဖူးပါသလား။ ဒီလို ကမ္ဘာကျော်ဗျူဟာဂိမ်းကို ရေးခဲ့တဲ့ ပရိုဂရမ်မာကတော့ ဂျိတ်ရေမွန်ဒ်လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာ တိုရန်တို အခြေစိုက် Ubisoft ရဲ့ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦး ဖြစ်တဲ့ ဂျိတ်ဟာ Electronic Arts' Motive Studios နဲ့ Ubisoft Toronto တို့ ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပရိုဂရမ်မင်းနယ်ပယ်မှာ လူသိအများဆုံးဖြစ်တဲ့သူမကို မွန်ထရယ်နဲ့ မာရီရန်နိုပိုလစ်ကောလိပ်ရဲ့ စိန့် ဂျော့ခ်ျကျောင်းမှ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိခဲ့ပြီး Sony ကုမ္ပဏီမှာ ပရိုဂရမ်မာတစ်ယောက်အဖြစ် အလုပ်စဝင်ခဲ့ပြီး The Sims Online မှာ ပရိုဂျူဆာအနေနဲ့ စတင်အလုပ်လုပ်ခဲ့ပါတယ်။
(၂) ဆာရာ ဟိုက်ဒါ
ဆာရာဟိုက်ဒါကတော့ ကမ္ဘာကျော်လူမှုကွန်ယက် Twitter မှာ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး အန်းဒရိုက်အက်ပ်ပိုင်းမှာ ကျွမ်းကျင်လှတဲ့ သူမရဲ့ အရည်အချင်းများကြောင့် နာမည်ကြီးသူ ဖြစ်ပါတယ်။ Twitter မှာ အလုပ်မဝင်ခင်က သူမဟာ PA Consulting Group နဲ့ Google မှာ ခဏ အလုပ်လုပ်ခဲ့ပါတယ်။
ဆာရာဟာ Twitter ရဲ့ ခြောက်စက္ကန့် စာဗွီဒီယိုဝန်ဆောင်မှုဖြစ်တဲ့ Vine ကို နောက်ကွယ်ကဦးစီးခဲ့သူ ပညာရှင် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
(၃) ကော်ရင်နီးယု
ဂိမ်းပရိုဂရမ်မာအဖြစ်နဲ့ နာမည်ကျော်တဲ့ ကော်ရင်နီးယုဟာ ကယ်လီဖိုးနီးယားပြည်နယ်ပိုလီတက္ကနစ်တက္ကသိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ပထမဆုံးရေးခဲ့တဲ့ ဂိမ်းကတော့ Apple II အတွက် King's Quest စီးရီးကို စရေးခဲ့တာပါ။ တကယ်တမ်း အပြင်ကုမ္ပဏီတွေကို စရောင်းထုတ်ခဲ့တာကတော့ သူမရဲ့ကိုယ်ပိုင် 3D engine ပရောဂျက်တွေပဲ ဖြစ်ပါတယ်။
သူမဟာ Microsoft Studios တစ်ခုဖြစ်တဲ့ Internal Studio 343 မှာ principle engine architect အဖြစ် အလုပ်လုပ်နေတာဖြစ်ပြီး Borderlands ၊ Zombie ၊ Unreal Engine 3 နဲ့ Brothers in arm စတဲ့နာမည်ကြီးဂိမ်းများနဲ့ လူသိများခဲ့ပါတယ်။ သူမရဲ့ အကျော်ကြားဆုံးလက်ရာကတော့ ၂၀၁၂ ခုနှစ်ထုတ် smash hit ဂိမ်းတစ်ခုဖြစ်တဲ့ Halo 4 ပဲဖြစ်ပြီး သူမဟာ နျူကလီးယားရူပသုတေသနနဲ့ national award ဆု ချီးမြှင့်ခံရသူတစ်ဦး ဖြစ်ပါတယ်။
(၄) အမန်ဒါဝှစ်ခ်ျတက်ဒ်
တကယ်လို့ သင်ဟာ အိုင်ဖုန်းဂိမ်းတွေကို ကြိုက်နှစ်သက်သူတစ်ဦးဆိုရင် ဒါဟာ အမန်ဒါဝှစ်ခ်ျတက်ဒ်ကြောင့်လို့ ဆိုရမှာပါ။ အိုင်ဖုန်းသမားတိုင်းလိုလို နာမည်ကြီး Farmvilla ဂိမ်းဆော့ဖူးကြမှာပါ။ အမန်ဒါဝှစ်ခ်ျတက်ဒ်ဟာ ဒီဂိမ်းရေးတဲ့သူတွေထဲမှာ အဓိကနေရာကနေဦးစီးခဲ့တဲ့ အမျိုးသမီး ဖြစ်ပါတယ်။
ကွန်ပျူတာဂိမ်းပရိုဂရမ်မာနဲ့ Meteor Grove Software တည်ထောင်သူ အမန်ဒါဟာ အရီဇိုးနားပြည်နယ်တက္ကသိုလ်ကနေ ဘွဲ့ ရခဲ့ပြီး SkillJam မှာ စပြီး ဂိမ်းပရိုဂရမ်မာအနေနဲ့ အလုပ်ဝင်ခဲ့သူပါ။ လူအများတစ်ပြိုင်တည်းဆော့နိုင်တဲ့ multiiplayer မိုဘိုင်းလ်ဂိမ်း ၁၀ မျိုးကို ဖန်တီးတဲ့ ဂိမ်းအဖွဲ့ တစ်ဖွဲ့ ကို ဦးဆောင်ခဲ့ပြီး ကစားသမားနှစ်ဦးတွဲဆော့နိုင်တဲ့ ဗျူဟာဂိမ်းကိုလည်း ရေးခဲ့ပါတယ်။ သူမဟာ Instagram နဲ့ Zynga မှာ လည်း အလုပ်လုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီအသေးစားလေးများရဲ့ အတိုင်ပင်ခံနဲ့ မန်နေဂျာအဖြစ် တာဝန်ယူပေးနေသလို ကိုယ်ပိုင် ကုမ္ပဏီဖြစ်တဲ့ Turf geography clubကိုလည်း ထူထောင်ခဲ့ပါတယ်။
(၅) ထရေစီချူး
ထရေစီချူးကတော့ ပရိုဂရမ်မင်းနယ်ပယ်ထဲမှာ စံပြအမျိုးသမီးပညာရှင်တစ်ယောက်လို့ ပြောရမှာပါ။ မဟာကွန်ပျူတာသိပ္ပံဘွဲ့ နဲ့ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရခဲ့သူဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အရင်ကလည်း Pinterest ၊ Quora ၊ Rocket Fuel Inc. ၊ Google နဲ့  Facebook မှာလည်း အလုပ်ဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
၂၀၁၅ ဖေဖော်ဝါရီလထဲမှာ ချူးဟာ အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုမှာ အတိုင်ပင်ခံအဖြစ် တာဝန်ယူခဲ့တဲ့ အာဂအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
ယခုပြောခဲ့တာကတော့ လက်လှမ်းမီသမျှ ကမ္ဘာကျော်ပရိုဂရမ်မာ အမျိုးသမီးတစ်ချို့ အကြောင်းဖြစ်ပြီး နည်းပညာလောကထဲမှာ ထဲထဲဝင်ဝင် အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးများလည်း ပြောမကုန်အောင် ကျန်နေသေးပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ကြီးကြီးမားမား နက်နက်ရှိုင်းရှိုင်းအရေးပါတယ်ဆိုတာ တွေ့ ရမှာပါ။
Source: Tech Worm
credit facebook