kyaw has given you a FREE Uber ride (up to MMK5,000). To claim your free gift, sign up using this link: https://www.uber.com/invite/kyaws277ui
Labels
Tuesday, May 16, 2017
Saturday, April 29, 2017
computerသုတ
♪ “PC Crash ဘေးကင်းဝေးအောင်” ♫
ဝင်းကမ္ဘာကျော် / 54 days ago
ကွန်ပျူတာချင်းတူလျှင်Windows OS သုံးသောPC တွေကပို၍အပျက်များ သည်က အဘယ်ကြောင့်နည်း။ယင်းနှင့်တွဲ၍အသုံးပြုသောThird Party Software များပြားခြင်း၊လာရောက်ချိတ်ဆက်သောdevice နှင့်devicedriver များပြားခြင်းmalware ၀င်ရောက်ခြင်းတို့ကြောင့်ဖြစ်သည်။လက်ရှိသုံးနေသော Software တစ်ခုသည်PC Crash ဖြစ်သည့်အခါမည်သို့မျှတုံ့ပြန်မှုမပြုတော့ ခြင်း သို့မဟုတ်သတိပေးချက်တစ်စုံတစ်ရာတက်မလာဘဲShutdown ကျသွား ခြင်းတို့ဖြစ်လာနိုင်သည်။PC crash ဖြစ်ခြင်းသည်စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းရုံသာမကစိတ်ပူစရာလည်းကောင်းသည်။မိမိလုပ်လက်စအလုပ်တစ်ခုသည်PC Crash ဖြစ်ခြင်းကြောင့်သိမ်းခွင့်မရလိုက်ဘဲဆုံးရှုံးသွားနိုင်သည်။ back up ပုံမှန်လုပ်သည့်အကျင့်မရှိလျှင်အခြားတန်ဖိုးရှိdata များလည်းဆုံးရှုံး နိုင်သည်။
တစ်ကြိမ်တည်းနှင့်ကွန်ပျူတာအလုပ်မလုပ်ဖြစ်သွားသောCrash မျိုးတွင် ကြိုတင် သတိပေးလက္ခဏာမရှိပါ။သို့သော်ကွန်ပျူတာတစ်လုံးသည်Crash ဖြစ်လိုက် ပြန်ကောင်းလိုက်မကြာခဏဖြစ်နေပြီဆိုလျှင်ယင်းတွင်ပြုပြင်၍ ရနိုင်သော ပြဿနာတစ်ခုခုရှိနေနိုင်သည်။ယင်းပြဿနာကို ပြုပြင်သင့်ပါ သည်။ကံကောင်းသည်မှာယနေ့ခေတ်Windows ကွန်ပျူတာများတွင် အဘယ်ကြောင့်crash ဖြစ်ရသည်ကိုဆန်းစစ်ပေးနိုင်သောtrouble shooting process ရှိနေခြင်းဖြစ်သည်။အဘယ်ကြောင့်crash ဖြစ်ရသည်ဆိုသည့် အကြောင်း အရင်းကိုရှာဖွေနိုင်မည်။ယင်းအကြောင်းအရင်းကိုလည်း ပြုပြင်၍ ရနိုင်သည်ဟုဆိုလျှင် ပြုပြင်ရပါမည်။Software Crash ဖြစ်စေသော အကြောင်း အတော်များများကိုပြုပြင်ပေးခြင်းအားဖြင့်ကွန်ပျူတာကို ပုံမှန်ပြန်ဖြစ်စေပါသည်။ပြုပြင်ရုံသက်သက်သာမကဘဲပုံမှန်ထိန်းသိမ်းမှုပြုလုပ်ပေးခြင်းအားဖြင့်နောင်တွင်crash မဖြစ်အောင်ပါကာကွယ်နိုင်ပါသည်။
ကွန်ပျူတာcrash စဖြစ်ပြီဆိုလျှင်ပထမဆုံးသတိထားရမည့်အချက်မှာမကြာ သေးမီက ကွန်ပျူတာတွင်software အသစ်တစ်ခုခုသို့မဟုတ်hardware တစ်ခုခုထည့်သွင်းခဲ့သလားဆိုသည့်အချက်ဖြစ်သည်။Software သို့မဟုတ် hardware အသစ်တစ်ခုခုထည့်သွင်းမည့်အချိန်နှင့်ကွန်ပျူတာcrash ဖြစ်သည့် အချိန်တို့တိုက်ဆိုင်နေသည်ဆိုပါကယင်းsoftware သို့မဟုတ်hardware သည် ပြဿနာဖြစ်ရသည့်အကြောင်းအရင်းဖြစ်နိုင်သည်။အကယ်၍hardware ကြောင့် ဖြစ်သည်ဟုသံသယရှိလျှင်ယင်းhardwareသည်ကွန်ပျူတာနှင့်မိမိရရ ချိတ်ဆက် နိုင်ခြင်းရှိမရှိစစ်ဆေးရမည့် အပြင်ယင်းhardware အတွက် နောက်ဆုံးထုတ်driverတင်ထားခြင်းရှိမရှိကိုလည်းစစ်ဆေးရပါမည်။Software ကြောင့်ဟုသံသယရှိလျှင်ယင်းနေရာသည်မိမိ၏Windows OS version နှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးရမည့် အပြင်update ရယူထည့်သွင်းပါကအဆင်ပြေ နိုင်၊ မပြေနိုင်ကိုပါစစ်ဆေးရပါမည်။ထိုသို့စစ်ဆေးပြုပြင်ပေးပါလျက် ကွန်ပျူတာ သည်crash ဖြစ်မြဲဖြစ်နေသေးသည်ဟုဆိုလျှင်Software ဖြစ်က uninstall လုပ်ရပါမည်။Hardware ဖြစ်လျှင်စက်ထဲမှပြန်၍ ဖြုတ်ပစ်ရပါမည်။ Hardware ကို ပြန်ဖြုတ်မည်ဆိုလျှင်ကွန်ပျူ တာကိုလုံးလုံးလျားလျားပါဝါ ပိတ်ပြီးမှသတိထား၍ ဖြုတ်ရပါမည်။Software ကိုUninstall လုပ်မည်ဆိုပါက Start searchbarတွင်uninstall ကိုထည့်ရိုက်ပါ။ပေါ်လာသောအကွက်ထဲမှ Change or remove software ကိုရွေးပါ။မိမိဖြုတ်လိုသောSoftware ကိုရွေးပြီး uninstall တွင်ကလစ်နှိပ်ပါ။Uninstall လုပ်ငန်းစဉ်ပြီးသွားလျှင် ကွန်ပျူတာကိုrestart ချပါ။ဤသို့ပြုလုပ်ပြီးနောက်တွင်crash မဖြစ်တော့ဟု ဆိုပါကတရားခံအစစ်ကိုရှာ၍တွေ့ သွားပြီဖြစ်ပါသည်။
ကွန်ပျူတာသည်နောင်တွင်မည်မျှအထိ စိတ်ချ၍ရမည်ကို Reliability Monitor ကိုသုံး၍စစ်ဆေးနိုင်ပါသည်။ ယင်း monitor သည်Windows Vista မှအစပြု၍ နောက်ပိုင်းWindows Versionများတွင်ပါဝင်လာသော်လည်း သတိပြုမိသူ နည်းပါသည်။PCတွင်ကြုံတွေ့သမျှသော ပြဿနာများကိုreliability monitor utility ကရှင်းလင်းသောရုပ်ပုံများဖြင့် ပြသပေးနိုင်သည်။ယင်းကိုခေါ်တင်မည် ဆိုလျှင်ဦးစွာstart menu ကိုခေါ်တင်ရပါမည်။ယင်းနောက်တွင်ပေါ်လာသော အကွက်ထဲ၌Reliability စာသားကိုထည့်ရိုက်ပေးရပါမည်။ ယင်းနောက် အဆင့် တွင် view reliability history ကိုရွေးရပါမည်။Reliabity monitor ကမှတ်တမ်း တင်ထားသော ပြဿနာတို့ကိုrediconဖြင့်သော်လည်းကောင်း အ၀ါရောင် exclamation mark ဖြင့်လည်းကောင်းတွေ့မြင်ရပါမည်။အရောင်ဖြင့် ပြထား သောicon တစ်ခုစီကယင်းပြဿနာအားရှင်းလင်းသောဂရပ်ပုံဖြင့် ပြပေးနိုင် ကြောင်းရည်ညွှန်းပါသည်။ကွန်ပျူတာcrash မဖြစ်မီအချိန်နှင့်အနီးဆုံးတွင် ကပ်၍ ဖြစ်ပွားသောerror သည်crash ဖြစ်စေသောလက်သည်ဖြစ်ကောင်း ဖြစ်နိုင်သည်။error iconတစ်ခုခုပေါ်တွင်ကလစ်ထောက်၍မည်သို့သော ပြဿနာမျိုးဖြစ်သည်ကိုပိုမိုပြည့်စုံစွာရှာဖွေကြည့်ရှုနိုင် သည်။ အကယ်၍ application တစ်ခုသည် ပြဿနာဖြစ်စေသောလက်သည်ဟုဆိုပါကaction column သို့သွားပြီးcheek for a solution ကိုရွေးရပါမည်။ယင်းက ပြုပြင်နိုင် မည့်နည်းလမ်းရှာဖွေပေးရန်Windows အားခိုင်းစေပါလိမ့်မည်။
Windows ထဲမှာလည်းအသင့်ထည့်သွင်းပေးလိုက်သောTrouble shooting tool များပါဝင်သည်။ယင်းtool များကိုသုံး၍ ပြဿနာဖြစ်ရသည့်အကြောင်း အရင်း ကိုရှာဖွေပြီးပြုပြင်နိုင်သည်။ဤသို့ဆောင်ရွက်ရန်အတွက်start menu တွင်ကလစ်နှိပ်ပြီးပေါ်လာသောကွက်လပ်တွင်Trouble shootingဟုရိုက်ထည့် ရပါမည်။ပြီးလျှင်enter ခေါက်ရပါမည်။ထပ်ပေါ်လာသောအကွက်မှHardware and sound တွင်ကလစ်နှိပ်ရပါမည်။ယင်းနောက်အဆင့်တွင်Blue screen ကိုရွေးရပါမည်။ထိုအခါတွင်နာမည်ဆိုးဖြင့်ကျော်ကြားသောBlue screen of Death ကို ဖြစ်ပေါ်စေသည့်အကြောင်းအရင်းကိုရှာဖွေဖော်ထုတ်ပေးမည့်tool များရှိရာသို့ခေါ်ဆောင်သွားပါမည်။PC Crash ဖြစ်ရသည့်အကြောင်းများထဲ တွင် ကွန်ပျူတာထဲသို့malware များဝင်ခြင်းနှင့်virus များဝင်ခြင်းလည်းပါဝင် သည်။ထို့ကြောင့်antivirus software သုံးပြီးPC scan လုပ်ပေးရပါမည်။ ဤဘက်ခေတ်Windows OS ထဲတွင်virus များကိုရှာဖွေဖော်ထုတ်ရှင်းလင်း ပေးနိုင်သောWindows defender ကိုအသင့်ထည့်ပေးထားသည်။အခမဲ့ ရသောAntivirus သုံးချင်လျှင်Avastနှင့်AVG တို့ကိုသုံးနိုင်သည်။Malwarebyte မှာ Antivirus ဟုဆိုသော်လည်းProversionမဟုတ်လျှင်ကွန်ပျူတာသုံးစွဲသူက ခိုင်းမှVirus စစ်ပေးသောအားနည်းချက်ရှိပါသည်။
မည်သည့်နည်းလမ်းများကိုသုံးသုံးPC crash ဖြစ်ခြင်းကိုမဖြေရှင်းနိုင်ဟု ဆိုပါကWindows ကိုတစ်ကပြန်စရမည့်အချိန်ရောက်ပါပြီ။တစ်နည်းပြောရ လျှင်Windows reinstall ပြန်လုပ်ရမည့်အချိန်ရောက်ပါပြီ။သို့သော်reinstall တွင်မိမိ၏document ဖိုင်များကိုမထိခိုက်စေမည့်option ပေးပါသည်။ ယင်းကိစ္စ အတွက်ဆိုလျှင်Windows 8 ကအားသာချက်ရှိသည်။Refresh your PC ဟုဆိုလိုက်လျှင်မိမိအလုပ်လုပ်သောဖိုင်များကိုထိန်းသိမ်းထားပြီး Windows reinstall လုပ်ပေးပါမည်။Reset your PC ကိုရွေးမိလျှင်မူ ကွန်ပျူတာ တစ်ခုလုံးအပြောင်ရှင်းပါလိမ့်မည်။Windows 10 တွင်ပါလာ သောReset your PC မှာတစ်မျိုးထူးခြားသည်။Reset လုပ်ငန်းစဉ်အတွင်း မိမိအလုပ်လုပ်သောဖိုင်များကို ထိန်းသိမ်းပေးထားပါသည်။ပြုပြင်စရာ ရှိသည် တို့ကို ထိရောက်အောင် ပြုပြင်ပေးပြီးသည့်အခါကွန်ပျူတာ သည်အသစ်ကဲ့သို့ ပင် ပြဿနာကင်းစွာအလုပ်လုပ်ပေးပါမည်။သို့သော်နောင်တွင်crash မဖြစ် စေရန်အတွက်Windows ကိုအမြဲတမ်uးp todateဖြစ်အောင်လုပ်ရပါမည်။ တရားဝင်windows 10 သုံးသူများအနေဖြင့်အွန်လိုင်းမှအမြဲupdate လုပ်ပေး နေခြင်းကိုသဘောပေါက်ပါလိမ့်မည်။တရားဝင်Windows 10 သုံးသူများအနေ ဖြင့် start menu တွင်ကလစ်နှိပ်ပြီးပေါ်လာသောအကွက်ထဲတွင်update ဟုရိုက်ထည့်ကာenter ခေါက်ရပါမည်။ပြီးလျှင်check for update ကို ထပ်ရွေးရပါမည်။ထို့ပြင်antivirusတစ်မျိုးမျိုးတင်ထားပြီးvirus signature ကိုအမြဲupdate လုပ်ရပါမည်။ကွန်ပျူတာကိုပုံမှန်ဗိုင်းရပ်စစ်ဆေးမှုပြုသင့် ပါသည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
Wednesday, March 22, 2017
ဂုဏ်ယူစရာ
Monday, February 6, 2017
သိထားစရာလေး
၂၀၁၆/၂၀၁၇ ပညာသင်နှစ်
တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ကျောင်းသူများအတွက်။
လေ့ကျင်ဖြေဆိုနိုင်ရန် မေးခွန်း (၅) စုံစီ စုစည်းပြီးတင်ပေးလိုက်ပါတယ်။
ဆရာများရဲ့အကူအညီကိုရယူပြီး အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေဆိုနိုင်အောင် လေ့ကျင့် ကျက်မှတ်ထားကြပါ။
(Myanmar)
မြန်မာစာလေ့ကျင့်ရေးမေးခွန်း (၅) စုံ
https://drive.google.com/file/d/0ByJ6yxzZ2ppmZlRVMU1oVFJ6d2M/view?usp=drivesdk
(English)
အင်္ဂလိပ်စာလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmaE44YnVDY1hqWkE/view?usp=drivesdk
(Math)
သင်္ချာလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmbHdacEJOWUdRSW8/view?usp=drivesdk
(Chemistry)
ဓာတုဗေဒလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmbWZaS3ZCQU4wa1k/view?usp=drivesdk
(Physics)
ရူပဗေဒလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmNGcySTRVSlVqcm8/view?usp=drivesdk
(Bio)
ဇီဝဗေဒလေ့ကျင့်ရေးမေးခွန်း (၅) စုံဒေါင်းယူရန်လင့်
https://drive.google.com/file/d/0ByJ6yxzZ2ppmTHBLYXJSanhCelE/view?usp=drivesdk
Friday, February 3, 2017
လေးစားစရာများ
ကမ္ဘာ့အကျော်ကြားဆုံး အမျိုးသမီးပရိုဂရမ်မာ ၅ ဦး
Programming ကို စပြီး တီထွင်ခဲ့တာ အမျိုးသားတစ်ယောက် မဟုတ်ခဲ့ပါဘူး။
ဒီနေ့ နည်းပညာကမ္ဘာမှာ လူတိုင်းကြားဖူးနေတဲ့ Programming ရဲ့ သမိုင်းကို သိရင် အားလုံးအံ့သြသွားကြမယ်ထင်ပါတယ်။ ဒီနေ့ ခေတ်မှာ ကိုယ်သိထားတဲ့ ကမ္ဘာကျော်အိုင်တီပညာရှင်တစ်ယောက်ယောက်အကြောင်း ပြောပါဆိုရင် အားလုံးက အများသိနေကြတဲ့ ဘီလ်ဂိတ် ၊ မတ်ခ်ဇူကာဘတ်ခ် ၊ အန်ဒီရူဘင် စတဲ့ ဒိတ်ဒိတ်ကြဲ အိုင်တီပညာရှင်နှင့် လုပ်ငန်းရှင်များကို ညွှန်းကြမှာပါ။ သေချာတာက လူအတော်များများ ညွှန်းလိုက်တာဟာ အမျိုးသားအိုင်တီပညာရှင်များပဲ ဖြစ်နေဖို့ များပါတယ်။ ဒါပေမယ့် programming ကို စပြီး တီထွင်ခဲ့တာဟာ အမျိုးသားတစ်ယောက် မဟုတ်ခဲ့ပါဘူး။
ပထမဆုံး algorithm ကုဒ်ရေးခဲ့သူကတော့ Lovelace မြို့ စားကတော် သင်္ချာပညာရှင်နဲ့ စာရေးဆရာမ သြဂတ်စထရာ အေဒါ ဖြစ်ပြီး ချားစ်ဘက်ဘေ့ဂ်ျ တီထွင်ခဲ့တဲ့ ခေတ်သစ်ကွန်ပျူတာရဲ့ အစ ဖြစ်တဲ့ Analytical Engine မှ ပထမဆုံး ပရိုဂရမ်ရေးခဲ့တာပါ။ သူမဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ပရိုဂရမ်မာတစ်ဦးဖြစ်ခဲ့ပြီး ဒီပရိုဂရမ်ဘာသာစကားကို Ada လို့ ခေါ်ပါတယ်။မြို့ စားကတော် အေဒါရဲ့နောက်မှာ ကမ္ဘာကျော်အမျိုးသမီးပရိုဂရမ်မာ များများစားစား ထွက်မလာပါဘူး။ ဒါပေမယ်လည်း ခေတ်သစ်အိုင်တီပညာရှင်အမျိုးသမီးများဟာ သူ့ အစွမ်းနဲ့ သူ နည့်းပညာနယ်ပယ်ကို ဦးဆောင်နေကြပါတယ်။ယခု တင်ပြပေးသွားမှာကတော့ လက်ရှိ ကွန်ပျူတာနယ်ပယ်မှာ အကျော်ကြားဆုံးအမျိုးသမီး ပရိုဂရမ်မာ ၅ ဦးအကြောင်းပဲ ဖြစ်ပါတယ်။
(၁) ဂျိတ်ရေမွန်ဒ်
Assasin Creed ဆော့ဖူးပါသလား။ ဒီလို ကမ္ဘာကျော်ဗျူဟာဂိမ်းကို ရေးခဲ့တဲ့ ပရိုဂရမ်မာကတော့ ဂျိတ်ရေမွန်ဒ်လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာ တိုရန်တို အခြေစိုက် Ubisoft ရဲ့ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦး ဖြစ်တဲ့ ဂျိတ်ဟာ Electronic Arts' Motive Studios နဲ့ Ubisoft Toronto တို့ ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပရိုဂရမ်မင်းနယ်ပယ်မှာ လူသိအများဆုံးဖြစ်တဲ့သူမကို မွန်ထရယ်နဲ့ မာရီရန်နိုပိုလစ်ကောလိပ်ရဲ့ စိန့် ဂျော့ခ်ျကျောင်းမှ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိခဲ့ပြီး Sony ကုမ္ပဏီမှာ ပရိုဂရမ်မာတစ်ယောက်အဖြစ် အလုပ်စဝင်ခဲ့ပြီး The Sims Online မှာ ပရိုဂျူဆာအနေနဲ့ စတင်အလုပ်လုပ်ခဲ့ပါတယ်။
(၂) ဆာရာ ဟိုက်ဒါ
ဆာရာဟိုက်ဒါကတော့ ကမ္ဘာကျော်လူမှုကွန်ယက် Twitter မှာ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး အန်းဒရိုက်အက်ပ်ပိုင်းမှာ ကျွမ်းကျင်လှတဲ့ သူမရဲ့ အရည်အချင်းများကြောင့် နာမည်ကြီးသူ ဖြစ်ပါတယ်။ Twitter မှာ အလုပ်မဝင်ခင်က သူမဟာ PA Consulting Group နဲ့ Google မှာ ခဏ အလုပ်လုပ်ခဲ့ပါတယ်။
ဆာရာဟာ Twitter ရဲ့ ခြောက်စက္ကန့် စာဗွီဒီယိုဝန်ဆောင်မှုဖြစ်တဲ့ Vine ကို နောက်ကွယ်ကဦးစီးခဲ့သူ ပညာရှင် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
(၃) ကော်ရင်နီးယု
ဂိမ်းပရိုဂရမ်မာအဖြစ်နဲ့ နာမည်ကျော်တဲ့ ကော်ရင်နီးယုဟာ ကယ်လီဖိုးနီးယားပြည်နယ်ပိုလီတက္ကနစ်တက္ကသိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ပထမဆုံးရေးခဲ့တဲ့ ဂိမ်းကတော့ Apple II အတွက် King's Quest စီးရီးကို စရေးခဲ့တာပါ။ တကယ်တမ်း အပြင်ကုမ္ပဏီတွေကို စရောင်းထုတ်ခဲ့တာကတော့ သူမရဲ့ကိုယ်ပိုင် 3D engine ပရောဂျက်တွေပဲ ဖြစ်ပါတယ်။
သူမဟာ Microsoft Studios တစ်ခုဖြစ်တဲ့ Internal Studio 343 မှာ principle engine architect အဖြစ် အလုပ်လုပ်နေတာဖြစ်ပြီး Borderlands ၊ Zombie ၊ Unreal Engine 3 နဲ့ Brothers in arm စတဲ့နာမည်ကြီးဂိမ်းများနဲ့ လူသိများခဲ့ပါတယ်။ သူမရဲ့ အကျော်ကြားဆုံးလက်ရာကတော့ ၂၀၁၂ ခုနှစ်ထုတ် smash hit ဂိမ်းတစ်ခုဖြစ်တဲ့ Halo 4 ပဲဖြစ်ပြီး သူမဟာ နျူကလီးယားရူပသုတေသနနဲ့ national award ဆု ချီးမြှင့်ခံရသူတစ်ဦး ဖြစ်ပါတယ်။
(၄) အမန်ဒါဝှစ်ခ်ျတက်ဒ်
တကယ်လို့ သင်ဟာ အိုင်ဖုန်းဂိမ်းတွေကို ကြိုက်နှစ်သက်သူတစ်ဦးဆိုရင် ဒါဟာ အမန်ဒါဝှစ်ခ်ျတက်ဒ်ကြောင့်လို့ ဆိုရမှာပါ။ အိုင်ဖုန်းသမားတိုင်းလိုလို နာမည်ကြီး Farmvilla ဂိမ်းဆော့ဖူးကြမှာပါ။ အမန်ဒါဝှစ်ခ်ျတက်ဒ်ဟာ ဒီဂိမ်းရေးတဲ့သူတွေထဲမှာ အဓိကနေရာကနေဦးစီးခဲ့တဲ့ အမျိုးသမီး ဖြစ်ပါတယ်။
ကွန်ပျူတာဂိမ်းပရိုဂရမ်မာနဲ့ Meteor Grove Software တည်ထောင်သူ အမန်ဒါဟာ အရီဇိုးနားပြည်နယ်တက္ကသိုလ်ကနေ ဘွဲ့ ရခဲ့ပြီး SkillJam မှာ စပြီး ဂိမ်းပရိုဂရမ်မာအနေနဲ့ အလုပ်ဝင်ခဲ့သူပါ။ လူအများတစ်ပြိုင်တည်းဆော့နိုင်တဲ့ multiiplayer မိုဘိုင်းလ်ဂိမ်း ၁၀ မျိုးကို ဖန်တီးတဲ့ ဂိမ်းအဖွဲ့ တစ်ဖွဲ့ ကို ဦးဆောင်ခဲ့ပြီး ကစားသမားနှစ်ဦးတွဲဆော့နိုင်တဲ့ ဗျူဟာဂိမ်းကိုလည်း ရေးခဲ့ပါတယ်။ သူမဟာ Instagram နဲ့ Zynga မှာ လည်း အလုပ်လုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီအသေးစားလေးများရဲ့ အတိုင်ပင်ခံနဲ့ မန်နေဂျာအဖြစ် တာဝန်ယူပေးနေသလို ကိုယ်ပိုင် ကုမ္ပဏီဖြစ်တဲ့ Turf geography clubကိုလည်း ထူထောင်ခဲ့ပါတယ်။
(၅) ထရေစီချူး
ထရေစီချူးကတော့ ပရိုဂရမ်မင်းနယ်ပယ်ထဲမှာ စံပြအမျိုးသမီးပညာရှင်တစ်ယောက်လို့ ပြောရမှာပါ။ မဟာကွန်ပျူတာသိပ္ပံဘွဲ့ နဲ့ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရခဲ့သူဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အရင်ကလည်း Pinterest ၊ Quora ၊ Rocket Fuel Inc. ၊ Google နဲ့  Facebook မှာလည်း အလုပ်ဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
၂၀၁၅ ဖေဖော်ဝါရီလထဲမှာ ချူးဟာ အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုမှာ အတိုင်ပင်ခံအဖြစ် တာဝန်ယူခဲ့တဲ့ အာဂအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
ယခုပြောခဲ့တာကတော့ လက်လှမ်းမီသမျှ ကမ္ဘာကျော်ပရိုဂရမ်မာ အမျိုးသမီးတစ်ချို့ အကြောင်းဖြစ်ပြီး နည်းပညာလောကထဲမှာ ထဲထဲဝင်ဝင် အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးများလည်း ပြောမကုန်အောင် ကျန်နေသေးပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ကြီးကြီးမားမား နက်နက်ရှိုင်းရှိုင်းအရေးပါတယ်ဆိုတာ တွေ့ ရမှာပါ။
Source: Tech Worm
credit facebook
Thursday, January 26, 2017
အမေးများသောမိုဘိုင်းပြဿနာ
♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫
ဝင်းကမ္ဘာကျော် / 14 hours ago
မေး - iPhone 5S မှာ Apple Store ကိုအသုံးပြုပြီး App တစ်ခုကို Install လုပ်လိုက်တဲ့အခါမှာ Fix Application Notcompatiable ဆိုတဲ့ Error ပဲပြနေတယ်။ ရှေ့ဆက်သုံးလို့လည်းမရဘူး။ ဘာဖြစ်လို့ပါလဲ။
ဖြေ - Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ ဖုန်းမှာအသုံးပြုတဲ့ iOS Version မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့မကိုက်ရင် မိမိအသုံးပြုနေတဲ့ iOS Version ကို Update လုပ်ပေးလိုက်ပါ။
မေး - ကိုယ်သုံးခဲ့ဖူးတဲ့နေရာမျိုးစုံကနေ Facebook အကောင့်ကို ဘယ်လိုမျိုးလှမ်းပြီး Logout လုပ်လို့ရပါသလဲ။ လုံခြုံရေးစိတ်မချလို့ပါ။
ဖြေ - ပထမဆုံးအနေနဲ့ Facebook Setting ထဲသွားပါ။ Security ထဲက Where You're Logged In ထဲဝင်ပါ။ အဲ့ဒီမှာအသုံးပြုခဲ့ဖူးတဲ့ ကိရိယာမျိုးစုံ တွေ့ရပါလိမ့်မယ်။ ဒါတွေက တည်နေရာ၊ Browser စသဖြင့် သတင်းအချက်အလက် ပံ့ပိုးပေးထားပါတယ်။ Logout လှမ်းထွက်နိုင်ပါတယ်။ Logout ထွက်ဖို့အတွက် End Activity End All Activity (သို့) ကြက်ခြေခတ်ကိုနှိပ်ပြီး အသုံးပြုခဲ့ဖူးတဲ့ကိရိယာတွေကနေ Facebook အကောင့်ကို Logout လှမ်းလုပ်နိုင်ပါတယ်။
မေး - အစ်ကိုရေ Huawei T8620 လေး 3G မတက်တော့ဘူး။ ပြင်ရင် ဘယ်လောက်ကျမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ ပြင်မယ်ဆိုရင်တော့ ၁၀၀၀၀ လောက်တော့ ကျမယ်ဗျ။ PA IC လဲရမယ့်အခြေအနေ များပါတယ်။ Software ပိုင်းနဲ့ လုပ်ရင်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ရဖို့ရာခိုင်နှုန်းနည်းပါတယ်။
မေး - အစ်ကိုရေ ကျွန်တော့် Phone က Speaker မကြားရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က Speaker မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Speaker Way မှာသုံးထားတဲ့ Compoments တွေ မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Speaker Way ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ အဆင်ပြေပါစေ။
မေး - အစ်ကို ကျွန်တော့် Phone က Mie, Speaker, Earpiece ၃ မျိုးလုံး မကြားရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က Software ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Software နဲ့ရှင်းလို့မရရင်တော့ Hardware နဲ့လုပ်မယ်ဆို Power IC လဲရမယ်ခင်ဗျာ။ အဆင်ပြေပါစေ။
မေး - Computer Virus ရှိလား၊ မရှိလား ဘယ်လိုစစ်လို့ရပါသလဲ။
ဖြေ - Window + R ကိုနှိပ်ပါ။ ပေါ်လာတဲ့အကွက်ထဲမှာ Cam လို့ရိုက်ပါ။ Enter ခေါက်ပါ။ 4cd\ လို့ကပ်ရေးပြီး Enter ခေါက်ပါ။ Setup ဆိုပြီး ထပ်ရေးပြီး Enter ခေါက်ပါ။ It not regonized as internet and erternal commad operable program (or) 6 is not regonized as on internet and ext. ဆိုတဲ့ စာသားများပေါ်လျှင် Virus ရှိနေပါပြီ။ ဒါမှမဟုတ် Please go to the install ဆိုတဲ့စာသားပေါ်နေရင်တော့ ကွန်ပျူတာမှာ Virus မရှိပါ။
မေး - iPad နဲ့ iPhone တွေကို Power Off ထားတဲ့အချိန် Model ဘယ်လိုခွဲရမလဲ။
ဖြေ - iPhone တွေမှာတော့ ခွဲခြားရလွယ်ကူပါတယ်။ ထွက်ရှိထားတဲ့ iPhone တိုင်းမှာ ဆင်တူတာတွေရှိပေမယ့် အပြင်ပန်းအရကြည့်ရုံနဲ့ပဲ Model ကို ခွဲခြားသိရှိနိုင်ပါတယ်။ iPad တွေမှာတော့ အနည်းငယ်ခွဲခြားရ ခက်ခဲနေပါလိမ့်မယ်။ ဘာကြောင့်ခက်ခဲရလဲဆိုတော့ iPad က ကျွန်တော်တို့နိုင်ငံမှာ တော်တော်အသုံးပြုမှု နည်းနေသေးတယ်လို့ ပြောရမှာပါ။ ပြီးတော့ iPad တွေရဲ့ Series တွေကလည်း တကယ့်ကို များပါတယ်။ ဒီလိုများလွန်းလို့ ခွဲခြားရတာစိတ်မပျက်ပါနဲ့။ iPad ရဲ့ နောက်ကျောမှာရေးထားတဲ့ စာကြောင်းတွေကို ရှာပါ။ Model ဆိုတဲ့ စာကြောင်းကို ရှာရမှာပါ။ အဲဒီ Model ရဲ့ဘေးက A... ဆိုတဲ့နံပါတ်က i-Device ရဲ့ ID ကို ရည်ညွှန်းပါတယ်။ ဥပမာ - A1395, A1396, A1397 တို့ဟာ iPad 2 ကို ရည်ညွှန်းတာဖြစ်ပါတယ်။ iPad ရဲ့Storage ကိုတော့ သူ့ရဲ့နောက်ကျောမှာဘဲ 16, 32, 64 စသည်ဖြင့် ရေးထားပါလိမ့်မယ်။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y-511 Huawei အမျိုးအစားပါဗျာ။ ရုပ်ထွက်မလာဘူးဗျ။ LCD က ဖွေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - Y-511 တွေမှာဆိုရင် Coil, Condenser, Diocle တို့က Backlight ပိုင်းမှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector နားက Fuse ၃ လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေးတွေကို သေချာလဲလှယ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
www.pyaephyo.com
Visit website